စစ်ကိုင်းမြို့တွင် အစိုးရဓမ္မာစရိယ စာမေးပွဲများ စတင်ဖြေဆို

စစ်ကိုင်း မတ် ၂၂      

စစ်ကိုင်းမြို့တွင် အစိုးရဓမ္မာစရိယ စာမေးပွဲကို စစ်ကိုင်းမြို့နယ် စာဖြေဌာနအဖြစ်စစ်ကိုင်း တောင်ရိုးရှိ  (IBEC) ဗုဒ္ဓဘာသာပညာရေးစင်တာကျောင်းတွင် ယမန်နေ့တွင် အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဓမ္မာစရိယ စာမေးပွဲဖြေဆိုရာတွင် စစ်ကိုင်းမြို့နယ်အတွင်း ပါရာဇိကဏ် စာရင်းရှိစာဖြေ သံဃာ(၁၁၆၄)ပါး၊ စာရင်းရှိစာဖြေ သီလရှင်(၄၄၈)ပါးရှိခဲ့ပြီး မတ်လ(၂၁)ရက်နေ့က ကြွရောက်စာဖြေ သံဃာ(၉၈၅)ပါးနှင့် ကြွရောက်စာဖြေသီလရှင်(၃၉၉)ပါး၊ စုစုပေါင်း(၁၃၈၄)ပါး ဖြေဆိုခဲ့ကြကြောင်း စစ်ကိုင်းခရိုင် သာသနာရေးရုံးစာရင်းများအရ သိရသည်။

ဓမ္မာစရိယ စာမေးပွဲဖြေဆိုရာသို့ စစ်ကိုင်းတိုင်းဓဒသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများ၊ စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက လိုက်လံကြည့်ရှု အားပေးကြည်ညိုခဲ့ကြပြီး သံဃာတော်များအတွက် ထောက်ပံ့အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။ 

ဇော်မြင့်နိုင်