နတ်မောက်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်  သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး

နတ်မောက် မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ( Community Centre) ရုံးရှေ့တွင် စာအုပ်စာစောင်လာရောက်ငှားရမ်းဖတ်ရှုသူများအား အခမဲ့ဖြန့် ဝေပေးခဲ့သည်။

အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ထုတ်ဝေဖြန့်ချီခြင်းဖြစ်ပြီး လက်ကမ်း စာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့သည့်အကြောင်း အရာများ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း (၁၃-၇-၁၉၄၇ ) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ တပ်မတော်၏အား(၁၀)ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် (၂၇-၃-၂၀၂၂) ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ကဗျာ၊ ကာတွန်းများပါရှိသည့် လက်ကမ်းစာစောင်များအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ လှဝင်း