ပေါင်းတည်မြို့နယ်၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပေါင်းတည် မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ကုသ​ရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ ဆေးထိုးစင်တာတွင် ယနေ့နံနက်ပိုင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ် -၁၉ ရောဂါကူးစက်ဖြစ်ပွားဆဲဖြစ်၍ ပြည်တွင်းသို့ ဆက်လက်ကူးစက်မှုမရှိစေရန်ရည်ရွယ်၍ ကြိုတင်ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့်နှင့် အပိုဆောင်းများထိုးနှံထားခြင်းအားဖြင့် ကူးစက်မှု၊ ရောဂါပြင်းထန်မှုနှင့်သေဆုံးမှုတို့ကို လျှော့ချပေးနိုင်ကြောင်း၊ ဆေးထိုးရန်လိုအပ်သူများအနေဖြင့် မဖြစ်မနေ ဆေးထိုးရန်လိုအပ်ကြောင်း မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယနေ့တွင် အသက် ၁၈ နှစ်နှင့်အထက် ပဉ္စမအကြိမ် ထိုးနှံနိုင်ရေးအတွက် Sinopharm ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်အသီးသီးသို့လာရောက်ထိုးနှံသူ စုစုပေါင်း ၇၅၆ ဦးရှိကြောင်း သိရသည်။

သူရကြီး ( ပြန်/ဆက် )