ပဲခူး မတ် ၂ဝ
ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ကျောင်းစာအပြင်ဗဟုသုတများတိုးပွားစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစီး ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဥ်ယဥ်နုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပန်းချီဆရာမဒေါ်မေဒေးစိန်က အခြေခံပန်းချီရေးဆွဲနည်း၏ နည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို သင်တန်းဆရာအဖြစ် ပန်းချီဆရာမဒေါ်မေဒေးစိန်က သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကိုမတ်လ(၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)