ချောင်းသာ မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ ယခင်ပုံမှန်ရက်များထက် ခရီးသည် ဝင်ရောက်မှုများပြားလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ချောင်းသာကမ်းခြေတွင် အပမ်းဖြေသူများ ဖြင့် စည်ကားလျက်ရှိသည်။
"တက္ကသိုလ်ဝင်တန်းကလေးတွေ စာမေးပွဲပြီးသွားတာလည်း ပါမယ်ထင်တယ်၊ ကျောင်းသား အရွယ်တေ၊ လူကြီး၊ လူငယ်၊ လူလတ်အစုံ လာလည်ကြတာများတယ်၊ တစ်နေ့တစ်နေ့ ပိုစည်လာ တယ်လို့ထင်ပါတယ်၊ စျေးကလည်းအရင်ရက်တေ ထက် ပိုရောင်းနေရတယ်" ဟု ကမ်းခြေတွင် စျေးရောင်းလုပ်ငန်းလုပ်ကိုင်သူ ဦးဆန်းမင်းက ပြောသည်။
ချောင်းသာမြို့သို့ အပမ်းဖြေရန် ခရီးသည်ဝင်ရောက်မှု ယခင်နေ့များထက် တစ်နေ့တစ်ခြား များပြားလာပြီး ကမ်းခြေတွင် ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူအပမ်းဖြေနိုင်ရေး၊ ကမ်းခြေတွင် စျေးရောင်းချသည့် စျေးသည်များ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေးနှင့် မော်တောယာဥ်များ အစဥ်ပြေစွာ စနစ်တကျရပ်နားနိုင်စေရေးတို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့များနှင့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ကျော်ကျော် (ပြန်/ဆက်)