ဖား​ဆောင်းမြို့နယ်၌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ​ဇောတိက ဘွဲ့တံဆိပ်​တော်ရ ဆရာ​တော်အားထပ်ဆင့်ဂုဏ်ပြု ပူ​ဇော်ပွဲ အခမ်းအနားကျင်းပ

ဖား​ဆောင်း မတ် ၂၀

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ မြို့နယ်သာသနာဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့်မြို့မိမြို့ဖဒါယကာ၊ ဒါယကာမအ​ပေါင်းတို့က ပူး​ပေါင်း၍ ယ​နေ့နံနက်၉နာရီအချိန်က ​မွေ​တော်ပရိယတ္တိစာသင်တိုက်၌ နိုင်ငံ​တော်မှချီးမြှင့်​သော ၂၀၂၃ခုနှစ် သာသနာ​တော်ဆိုင်ရာအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ​ဇော်တိကဘွဲ့တံဆိပ်​တော်ရမော်ချီး​တောင်တန်းသာသနာပြု​ကျောင်းဆရာ​တော် ဘဒ္ဒန္တသီလဝံသ အရှင်သူမြတ်အား ထပ်ဆင့်ဂုဏ်ပြုပူ​ဇော်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာတက်​ရောက်လာကြ​သော ဧည့်ပရိတ်သတ်အ​ပေါင်းတို့က "နမော တဿ" (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး၊​ မော်ချီး​တောင်တန်းသာသနာပြု​ကျောင်းဆရာ​တော်ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလခံယူ​ဆောက်တည်ကြကာ ပင့်သံဃာအရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဇုာယ်​တော်မူ​သော ပရိတ်တရား​တော်များနာယူခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးက သာသနာ​ရေးဆိုင်ရာများကို​ လျှောက်ထားကာ မြို့နယ်သာသနာ​ရေးမှူး ဦးမျိုးမြင့်ကိုက သာသ​နာ​တော်ဆိုင်ရာ(အဘိ​ဓဇအဂ္ဂမဟာသဒ္ဓမ္မ​ဇော်တိက)ဘွဲ့တံဆိပ်​တော်ရဆရာ​တော်ကြီး၏ “​ထေရုပ္ပတ္တိ” အကျဥ်းအား ဖတ်ကြားပူ​ဇော်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာ​တော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့​​နောက် ​မော်ချီး​ဒေသ သာသနာ့အလင်း​ရောက်​ကျောင်းဆရာ​တော် ဘဒ္ဒန္တ​သောဘိတထံမှ အနု​မောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက်​ ရေစက်သွန်းချအမျှ​ပေး​ဝေခဲ့ကြ​ကြောင်း၊အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု”(၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့​ကြောင်းနှင့် ဆရာ​တော်၊ သံဃာ​တော်အရှင်သူမြတ်များအား ​နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင် (ပြန်/ ဆက်)