အောင်လံ မတ် ၂၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နွေရာသီအခြေခံပန်းချီသင်တန်း အခမဲ့ဖွင့်လှစ်ပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမျိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး အောင်လံမြို့နယ် ပန်းချီအသင်းဥက္ကဋ္ဌ ဦးမြတ်ခင်ကျော်က ပန်းချီ သင်တန်းတွင် ပို့ချမည့်အခြေအနေများအားရှင်းလင်းပြောကြားကာ သင်တန်းကို အောင်လံမြို့နယ် ပန်းချီအသင်း ဒုဥက္ကဋ္ဌ ဦးခင်မောင်တင်က သင်တန်းကိုစတင်ပို့ချရာ သင်တန်းတွင် သင်တန်းသား/သူ (၃၀)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မတ်လ(၂၀)ရက်နေ့မှ (၃၁)ရက်နေ့ထိ ၁၂ ရက်ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)