ရေစကြို မတ် ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့လယ် ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ရေစကြိုမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးသန္တာစုက ကလေးအလုပ်သမားနှင့်ပတ်သက်ပြီး ကလေးအလုပ်သမားများကိုအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းအဓိပ္ပာယ်၊ ပြဌာန်းထားသည့် ဥပဒေအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကော် မတီ (၈)ရပ်၊ ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းစီမံချက်(၆)ချက်၊ စီမံချက်တိုင်းဒေသကြီး၊ ပြည်နယ်(၅)ခုတို့တွင် ကလေးအလုပ်သမားများအား ရှာဖွေဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီစစ် ဆေးအရေးယူခြင်း၊ အသက်မွေးဝမ်းကြောင်း ပညာရပ်များရရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများ၊ ကလေးသူငယ်များ အလုပ်လုပ်ကိုင်နိုင်သည့် သတ်မှတ်ထားသည့် အသက်အရွွယ် စသည့် ကလေးအလုပ်သမားဆိုင်ရာသိကောင်းစရာများကို မေးမြန်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကိုဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ် ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မောင်လုလင် (ရေစကြို)