ကျွန်းလှမြို့နယ်၌ နွေစပါး ဧက ၃၇၀ လျာထားစိုက်ပျိုးမည်

ကျွန်းလှ မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေစပါး ဧက ၃၇၀ လျာထားစိုက်ပျိုးမည်ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“နွေစပါးကို သဖန်းဆိပ်ဆည်ရေကျ ဧရိယာတွေမှာ စိုက်ပျိုးကြပါတယ်။ နွေစပါးစိုက်ပျိုးတဲ့ တောင်သူကို ဒေသနှင့် ကိုက်ညီတဲ့ သက်တမ်းတို မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များ လိုက်နာ ကျင့်သုံးရေး၊ သဘာဝမြေဩဇာနဲ့ ဓာတ်မြေဩဇာ အချိုးကျ ရောစပ်အသုံးပြုရေး၊ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်း ချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းနဲ့ နည်းပညာပေးသင်တန်း ဖွင့်လှစ်အသိပညာပေး လျက်ရှိပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။

ကျွန်းလှမြို့နယ်တွင် နွေစပါးကို အင်းကောင်း၊ ငါးဘတ်အိုင်၊ ရွှေတောင်၊ စံပြနှင့် ရွာသီကျေးရွာများ၌ စိုက်ပျိုးကြပြီး၊ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ