ပန်းတောင်း မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံငရုတ်များ စတင်ခူးဆွတ်ရောင်းချလျက်ရှိရာ ငရုတ်အစပ်သီး တစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖောက်သည်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း တောင်သူဒေါ်ရီသန်းထံမှ သိရသည်။
ပန်းတောင်းမြို့နယ်တွင် ဒေသခံတောင်သူတို့သည် မိမိတို့၏ယာမြေများတွင် ရာသီသီးနှံများဖြစ်သည့် အစေ့ထုတ်ပြောင်းနှင့် ဖရုံကိုစီးပွားဖြစ် အဓိကအများဆုံးအားထားစိုက်ပျိုးလျက်ရှိပြီး ပဲပုတ်၊ ပဲတောက်ရှည်၊ မြေပဲ၊ ကြက်သွန်၊ ငရုတ်နှင့်အခြားဟင်းသီးဟင်းရွက်များကို တစ်ပိုင်တစ်နိုင်သာစိုက်ပျိုးထားကြကြောင်း၊ ပြောင်းနှင့်ဖရုံပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသည့်သီးနှံမှာငရုတ်ဖြစ်ပြီး ပန်းတောင်းမြို့နယ်တွင်ငရုတ်အစပ်မျိုးကိုသာ ရွေးချယ်စိုက်ပျိုးလျက်ရှိရာ ယခုလက်ရှိပေါက်ဈေးမှာငရုတ်အစပ်သီးအစိမ်းတစ်ပိဿာလျှင် ဖောက်သည်စျေးကျပ် ၄၅၀၀ ခန့်ထိဈေးရရှိကြောင်း၊ ငရုတ်ကို ငါးရက်ခြားတစ်ခါခူးဆွတ်ရကြောင်း ငရုတ်စိုက်တောင်သူက ပြောသည်။
သင်းသင်းအေး(ပြန်/ဆက်)