ထပ်လုံစေတီတော် အခွန်လွတ်သာသနာ့ဂရန်အတွက် နယ်နိမိတ်ကျောက်တိုင် စိုက်ထူဆောင်ရွက်

မိုင်းယောင်း မတ် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း)စေတီတော် အခွန်လွတ်သာသနာ့ဂရန်အတွက် အပြီးသတ်မြေတိုင်းတာခြင်းနှင့် နယ်နိမိတ်ကျောက်တိုင် စိုက်ထူခြင်းကို ယမန်နေ့က လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သော၏ ဩဝါဒကို ခံယူပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သော ထပ်လုံစေတီတော် မြေပြင်ကွင်းဆင်းတိုင်းတာစိစစ်ရေးအဖွဲ့နှင့် မြို့နယ်ဂေါပကအဖွဲ့တို့က ထပ်လုံစေတီတော်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီက ခွင့်ပြုခဲ့သည့် မြေဧရိယာ ၁၉၀ ဧကအပြင် မြေဧရိယာ ၁၁၀ ဧကအတွက်ပါ ထည့်သွင်း၍ မြေတိုင်းတာခြင်းနှင့် နယ်နိမိတ်ကျောက်တိုင် စိုက်ထူခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း