ကျောက်တော်မြို့၌ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များဖြင့် ထမင်းဆိုင်၊ စားသောက်ဆိုင်များအား  ကွင်းဆင်းစစ်ဆေး

ကျောက်တော် မတ်  ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ပူပြင်းခြောက်သွေ့ရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးလုံခြုံရေး သတိရှိစေရန် မြို့နယ်မီးဘေးလုံခြုံရေး အဖွဲ့ဝင်များမှ ထမင်းဆိုင်၊ စားသောက်ဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က သွားရောက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာသို့ ကျောက်တော် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး  ဦးဌေးမင်းနိုင် ဦးဆောင်သော မီးဘေးလုံခြုံရေးအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များအား မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မီးဖို မီးကြွင်းမီးကျန်များမှတဆင့် မီးကူးစက်လောင်ကျွမ်းမှု မဖြစ်စေရေးအတွက် မီးဖိုနှင့် နံရံကြားတွင်  မီးကာသွပ်ပြားများ ထားရှိစေရေး၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ပစ္စည်းများကို အသစ်လှဲလှယ် အသုံးပြုကြရန် မီးဘေး ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သော မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ လုံလောက်စွာ ထားရှိခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံနည်း စနစ်များအား ဈေးဆိုင်ရောင်းချသူများကို အသိပညာပေး ပြောကြားခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)