ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ (၂၀၂၂-၃၀၂၃) ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည့် ကျေးလက်လမ်း/တံတားများ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကျောက်ဖြုခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်ကျော်မှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့ နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရှိ(မြို့ပြ)နှင့် ဝန်ထမ်းများ၊ လမ်းကော်မတီဝင်များ တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး ပြည်နယ်ခွင့်ပြုငွေ ၁၂၄၆၃၂ ကျပ်သန်းဖြင့် မြတ်မင်းသဇင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ရမ်းဗြဲငယ်ချောင်းဖျား- အဝ-ငလာကြီး -ကညင်ပြိန် - ကျောက်ထရံကျေးရွာချင်းဆက်လမ်း မြေသားတာဘောင်တင်၍ ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုငွေ ၈၉.၁၅၈ သန်းဖြင့် ရမ္မာထူးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လေးတောင်ကမ်းခြေသွားလမ်း မြေသားတာဘောင်တင်၍ ဗြုန်းကျောက်ခင်းခြင်းနှင့် ၎င်းလမ်းများပေါ်ရှိ ကွန်ကရစ်တံတား(၁)စင်း Box Culvert(၂)စင်းလုပ်ငန်းများနှင့် ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကိုဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း၊ တံတားလုပ်ငန်းများ သတ်မှတ်ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ ကျေးလက်နေပြည်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ရာသီမရွေး ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။