ဖျာပုံ မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာတိုင်းဦးစီးမှူးများ ပါဝင်သောအဖွဲ့နှင့် ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များတွင် Gasifire အသုံးပြုသော ဆန်စက်လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းအချိန်က၊ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါတွေ့ဆုံပွဲပြုလုပ်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများက Gasifire အသုံးပြု၍ ဆန်စက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များ၊ Gasifire မှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများနှင့် ပတ်သက်၍ ရေဆိုးများကိုသန့်ရှင်းသော ရေအဖြစ်အသုံးပြုရာ၌ လိုအပ်သောရေစစ်ကန်ကို အဆင့်သုံးဆင့်ဖြင့်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြသည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသော Gasifire အသုံးပြုဆန်စက်လုပ်ငန်းရှင်များမှ သိရှိလိုသည်များအား၊ အသီးသီးမေးမြန်းကြရာ တာဝန်ရှိသူများက မေးမြန်းချက်များအပေါ် ကဏ္ဍအလိုက်ပြန်လည် ဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍တို င်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက Gasifire အသုံးပြုရခြင်းနှင့် ပတ်သက်၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)