ဘီးလင်း မတ် ၁၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (Book Club)၊ (Youth Club)၊ (Woman Club)တို့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။ ထို့နောက်စာရေးဆရာရဲဦး ဘာသာပြန်ဆိုရေးသားသည့် "ကိုယ်ထူးကိုယ်ချွန် အောင်မြင်ရေးပန်းတိုင်"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ Book Club အဖွဲ့ဝင် ဦးတင်ထွန်းဦးက အောင်မြင်ရေးသီအိုရီ ခေါင်းစဥ်ကိုလည်းကောင်း၊ Woman Club အဖွဲ့ဝင် ဒေါ်သင်းသင်းထွေးက ကိုယ်ထူးကိုယ်ချွန်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Youth Club အဖွဲ့ဝင် မမြတ်နန်းအိမ်က ဘဝနဲ့အလုပ်ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းကြောင့် အောင်မြင်သူများ၏ လုပ်ဆောင်ချက်၊ အတွေးအခေါ်အယူအဆများကို အားကျအတုယူခြင်းဖြင့် ရည်မှန်းချက်ပန်းတိုင်ဆီသို့ ကိုယ်ထူးကိုယ်ချွန် အရောက်လှမ်းရာတွင် အကျိုးရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပါသည်။
မြို့နယ်(ပြန်ဆက်)