ပေါင် မတ် ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နေ့လယ်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်ဟောပြောပွဲကို ပေါင်းရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားဓမ္မာရုံနှင့် ပေါင်းရပ်ကွက်ထန်းတောမွန်ဓမာရုံသို့ သွားရောက်ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များနွေရာသီကျောင်းပိတ်ရက်တွင် အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုမှုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့်အသိညာဏ်ပညာတိုးပွားစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာနိုင်မည့်အကျိုးကျေးဇူးများကို ဟောပြောခဲ့ပြီး ဝန်ထမ်းများမှ ယူဆောင်လာသည့် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသကာ ကလေးငယ်များအား စာဖတ်ဝိုင်း ပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲနှင့်စာအုပ်ပြပွဲများကို လစဥ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)