ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်ဒုံ မတ် ၁၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က စာဖတ်ရှိန် မြှင့်မားလာစေရန်နှင့်စာပေမှ ရရှိသည့် ဗဟုသုတ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ အောင်သင်းရေးသားထားသော ''အားနေသောလက်များ''စာအုပ်ဖြင့်  စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် ဒေါ်ယုမေမောင်မှ မှတ်ဥာဏ်အရွယ်မလွန်မီ၊ လူငယ်တွေ မ, အအောင်လို့၊ အကောင်းမြင်စိတ်ထားခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဒေါ်ချိုလေးမှ လူနှင့်ရသ၊နောင်လာနောက်သား၊ ပညာနှင့်ကန်တော့ခြင်းစသည့် စာအုပ်ပါ အကြောင်းအရာ ခေါင်းစဥ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)