မောက်မယ် မတ် ၁၇
၂၀၂၃ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ဟန်နားကျေးရွာ ကျေးရွာခန်းမဆောင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက အမှာစကား ပြောကြားပြီး လင်းခေးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ခန်းမဆောင်လုပ်ငန်းများအား ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး၊ ရေရရှိရေး၊ မီးရရှိရေး၊ ကျေးရွာခြင်းဆက်လမ်း လုပ်ငန်းများအတွက် ရည်ရွယ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ကျေးရွာခန်းမဆောင် ကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ် လူထုဗဟိုပြု စီမံကိန်း (နိုင်ငံတော်) ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် ဟန်နားကျေးရွာ ကျေးရွာခန်းမဆောင်အား အောင်မြင်စွာဆောက်လုပ် ပြီးစီးခဲ့သဖြင့် ခန်းမဆောင် တည်တံ့ခိုင်မြဲစေရန် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကျေးရွာခန်းမဆောင်ကော်မတီမှ ဦးဆောင်၍ကျေးရွာသူ ကျေးရွာသားများနှင့် ပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း” ပြောကြားခဲ့ပြီး ဟန်နားကျေးရွာသူကျေးရွာသားကိုယ်စား ဦးစိုင်းစို့က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းစံထွန်းလင်းနှင့် ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဂန္ဓမာတို့က အဆိုပါကျေးရွာ ခန်းမဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး ခဲ့ကြသည်။
အဆိုပါ ခန်းမဆောင်သည် ဒေသခံကျေးရွာနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့အတွက် ပိုမိုအဆင်ပြေလာစေနိုင်ပြီး မြစိမ်းရောင်စီမံကိန်းအား မပျောက်ပျက်အောင် ကျေးရွာများမှ ထိန်းသိမ်းစောင့်ရှောက်သွားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုလွိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဂန္ဓမာက ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)