မတ္တရာ မတ် ၁၇
မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် နွေစပါးစီမံကိန်း (၂၅၂၀၉)ဧကမှ ပထမအကြိမ်(၁၀၀၅၄)ဧကအတွက် ချေးငွေသဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့် သွင်းအား စု ထုတ်ပေးခြင်း အခမ်းအနားကျင်းပ ယနေ့နံနက် ၉နာရီက မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လက္ကောင်းကြီးကျေးရွာအုပ်စု မြောင်းသစ်ကျေးရွာရှိ ဧက(၁၅၀)စံပြကွက်မှ တောင်သူ (၄၉)ဦးအတွက် တစ်ဧကလျှင် နွေစပါးတင်း(၁၂၀)ကျော် ထွက်ရှိရေး မျိုးစပါးများနှင့် ဓါတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်ပွဲကို မြို့မရှေ့တန်းစခန်းရုံးတွင် ကျင်းပရာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်ဆွေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်း ဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းမှ အမှာစကားပြောကြားခဲ့ကာ တောင်သူများအတွက် မျိုးစပါးများနှင့် ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပြီး ဧက(၁၅၀)စံပြကွက် အတွက် ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်း သရုပ်ပြပွဲကို အားပေးကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ချေးငွေသဘောတူချုပ်ဆိုခြင်းနှင့် သွင်းအားစုများ ထုတ်ပေးခြင်းအခမ်းအနားကို ကျင်းပ ရာ အောင်မြေသာ စံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုး ရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းမှ ချေးငွေသဘောတူ စာချုပ်ချုပ် ဆိုခြင်း နှင့် သွင်းအားစု ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြ သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဆွေနှင့် တာဝန်ရှိသူများ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်း၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာနှင့် တာဝန်ရှိသူများမှ လုပ်ငန်းရှင်များသို့ ဓါတ်မြေဩဇာအိတ်များ ထောက်ပံ့ပေး အပ်ခဲ့ကြရာ တောင်သူများမှ လက်ခံရယူခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့သည်။
မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်ရန်အတွက် နွေစပါး စီမံကိန်း(၂၅၂၀၉)ဧကဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအကြိမ်အဖြစ် တောင်သူ (၅၆၂)ဦး၏(၁၀၀၅၄) ဧက အတွက် တစ်ဧကလျှင် ငွေကျပ်(၂)သိန်းဖြင့် ညီမျှသော ဓာတ်မြေဩဇာများ ထုတ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)