သာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် ဖြေဆိုနေမှုများအား စာစစ်ဌာနများသို့ တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု

သာစည် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက စာစစ်ဌာနအသီးသီး၌ ဖြေဆိုလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၊ ညောင်ရမ်းကျေးရွာအခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ဟံဇားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း  စာစစ်ဌာနတိုဖြင့် စာစစ်ဌာန  ၃ ခုရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့က စာစစ်ဌာနများသို့ သွားရောက်၍ ကြီးကြပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကျောင်းသား/သူများ စိတ်အေးချမ်းစွာ  ဖြေဆိုနိုင်ရေးအတွက်  ဝိုင်းဝန်းပူးပေါင်းပြီး လိုအပ်ချက်မရှိစေရေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ် စာစစ်ဌာန ၃ ခုတွင်  သမိုင်းဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ  ကျောင်းသား/သူ  ၇၈ ဦးရှိရာ ဖြေဆိုသူ ၆၃ ဦးဖြင့် ၈၀.၇၇ ရာခိုင်နှုန်းဖြေဆိုကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)