နေပြည်တော် မတ် ၁၇
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၆ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၀၁ ဦးရှိပြီး စာမေးပွဲတွင် သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၄၉၆ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၇ ဒသမ ၉၅ ရာခိုင်နှုန်း ရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် စာစစ်ဌာန ၃ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၉၁ ဦးရှိကာ ဖြေဆိုသူ ၁၆၉ ဦး ရှိပြီး ပျက်ကွက် ၂၂ ဦး၊ လယ်ဝေးမြို့နယ်စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၄၅၃ ဦးရှိကာ ဖြေဆိုသူ ၄၀၆ ဦးရှိပြီး ပျက်ကွက် ၄၇ ဦး၊ တပ်ကုန်းမြို့နယ် စာစစ်ဌာန ၁ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၈၉ ဦးရှိကာ ဖြေဆိုသူ ၂၅၃ ဦးရှိပြီး ပျက်ကွက် ၃၆ ဦး ၊ ဥတ္တရသီရိမြို့နယ် စာစစ်ဌာန ၅ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၉ ဦးရှိကာ ဖြေဆိုသူ ၉၃ ဦးရှိပြီး ပျက်ကွက် ၆ ဦး ၊ ဒက္ခိဏသီရိမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးရှိကာ ဖြေဆိုသူ ၉ ဦးရှိပြီး ပျက်ကွက် ၂ ဦး၊ ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာန ၅ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၁၇ ဦးရှိကာ ဖြေဆိုသူ ၂၈၅ ဦးရှိပြီး ပျက်ကွက် ၃၂ ဦး၊ ဇမ္ဗူသီရိမြို့နယ် စာစစ်ဌာန ၆ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၁၁ ဦးရှိကာ ဖြေဆိုသူ ၁၇၀ ဦးရှိပြီး ပျက်ကွက် ၄၁ ဦး၊ ဇေယျာသီရိမြို့နယ် စာစစ်ဌာန ၄ ခု ၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၃၀ ဦးရှိကာ ဖြေဆိုသူ ၁၁၁ ဦးရှိပြီး ပျက်ကွက် ၁၉ ဦး၊ စုစုပေါင်း စာစစ်ဌာန ၃၆ ခု တို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၉၆ ဦးတို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)