ကွမ်းခြံကုန်း မတ် ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်နှင့်စပ်လျဥ်း၍ လမ်းညွှန်မှာကြားသည့်အစည်းအဝေးမှ အသားငါး/ကဏ္ဍတွင် ငါးမွေးမြူရေးမှ ဝင်ငွေများရရှိနိုင်ရန်၊ နည်းပညာအကူအညီပေးနိုင်ရေးဆောင်ရွက်ရန်ဟု လမ်းညွန်ချက်အရ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ငါးမွေးမြူရေး နည်းပညာပေးသင်တန်းကို ယမန်နေ့ကတွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဝက်ကိုက်ကျေးရွာ ပင်လယ်ပြာ၊ ငါး၊ပုစွန်၊ ဂဏန်းရောင်းဝယ်ရေးလုပ်ငန်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးဦးတင့်လွင်မှ အဖွင့်အမှာစကား ပြောကြားပြီးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါး၊ ပုစွန်၊ မွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေများပိုမိုရရှိစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ တိုးတက်လာသည့် မွေးမြူရေးဆိုင်ရာနည်းပညာပေးခြင်း သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်သည့်အကြောင်းအရာများ ပြောကြားပြီး ကျောက်တန်းပုစွန်သားပေါက်စခန်းတာဝန်ခံဦးရဲဝင်းသောင်က ပုစွန်၊ ငါးမွေးမြူရေးဆိုင်ရာ နည်းပညာသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ကွမ်းခြံကုန်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးရင်ရှိန်နှင့်ဝန်ထမ်းများ၊ ဝက်ကိုက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးဝါသနာရှင် သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(IPRD)