ဇေယျာသီရိမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်

ဇေယျာသီရိ မတ် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။        

ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုရရှိစေရန် online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က ကလေးအလုပ်သမားဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ၊ ကလေးအလုပ်သမားပပျောက်ရေးက ဘာကြောင့်အရေးကြီးတာဘာလဲဘာကြောင့်ကလေးအလုပ် သမားတွေရှိနေရတာလဲ၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများအကြောင်း၊ ကလေးအလုပ်သမားများကို အလုပ်ခိုင်းစေတဲ့အခါ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခိုင်းစေသင့်သလဲ၊ ကလေးများကို အကာအကွယ်ပေးထားတဲ့ ဥပဒေများအကြောင်းနှင့် ကလေးအလုပ်သမားတွေ လျော့ချဖို့ဆောင်ရွက်သင့်တဲ့ နည်းလမ်းများအကြောင်းကို  ဆွေးနွေးခဲ့သည်။ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)