ထန်းတပင်(ရန်ကုန်) မတ်လ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့၊ နံနက်ပိုင်းက (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးနှင့်ဝန်ထမ်းများက မြို့နယ်အေထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား လက်ကမ်းစာစောင်များကို လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြကြောင်းလည်း သိရသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကားလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။
ဇင်မင်းထိုက် (ပြန်/ ဆက်)