ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား/သူ များ ဆက်လက်ဖြေဆို

ပင်လောင်း မတ် ၁၇

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သပင်လောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ၅ ခု၌ကျောင်းသား/သူများမှ သမိုင်းဘာသာရပ်ကို အဌမနေ့အဖြစ်ယနေ့နံနက် ၉ နာရီတွင်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ယနေ့ဖြေဆိုသည့် သမိုင်းဘာသာရပ်ကို ပင်လောင်း မြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က-နောင်တရား၊ အ.ထ.က-တီကျစ်၊ အ.ထ.က-ပင်ခွန်နှင့် အ.ထ.က-တင်းထက် စာစစ်ဌာန ၅ ခုတို့၌ ကျောင်းသား/သူ စုစုပေါင်း ၈၁ ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၆ ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၃ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်းသိ ရသည်။

မြို့နယ်(ပြန်/ဆက်)