သံတောင်ကြီး မတ် ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဘက်စုံသုံးခန်းမ ဆောင်ရွက်ပြီးစီးမှု ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဘက်စုံသုံးခန်းမတည်ဆောက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်းတစ်ရာနှင့် ဒေသခံပြည်သူများ၏ လုပ်အားဖြင့် အလျား (၇၀)ပေ၊ အနံ(၂၈)ပေ၊ အမြင့် (၁၀)ပေ နှင့် Stade ၏ မြေအောက်ခန်း(၅)ပေအား(၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံကသိရသည်။
နော်လော်မူ