အောင်လံမြို့နယ်၌ မိသားစုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု မူးရစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

အောင်လံ မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ မိသားစုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု မူးရစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင် အမှတ် (၂) ဈေးတာဝန်ခံရုံးခန်းတွင်ပြုလုပ်ခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျန်းမာရေးဦးစီးဌာနမှ  ဒေါ်ဖြူဇင်သန့် (PHS2) က ကျန်းမာရေးဆိုင်ကိစ္စရပ်များနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးသက်လွင်က မူးရစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းရာဆိုးကျိုးများ ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးကာ ဦးစီးအရာရှိ ဦးမျိုးဝင်းက မူးရစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သောစိတ်ပိုင်းဆိုင်ရာဆိုးကျိုး များအကြောင်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)