ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ မြေစိုက်နံရံကပ်ဘုတ်တွင်ပြသ

ဆင်ပေါင်ဝဲ မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆက်ကော်မတီ၏ စီစဥ်လမ်းညွှန်မှုဖြင့် အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာများအား ရုံးရှေ့မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်ခဲ့သည်။        

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း ဆက်ကော်မတီ၏ ဗီနိုင်းပိုစတာအကြောင်းအရာများနှင့် ကလေးအလုပ်သမား လျှော့နည်းပပျောက်ရေး သိကောင်းစရာများပါဝင်သည့် ဗီနိုင်းပိုစတာများကို ပြသဆောင်ရွက်ထားရှိခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်သို့ စာအုပ်ငှားရမ်း/ဖတ်ရှုကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)