မက်မန်း မတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့က အထက-မက်မန်း စာစစ်ဌာန၌ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် အတွဲ(၁) ဘောဂဗေဒဘာသာရပ်အား နောက်ဆုံးနေ့ ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူ (၃၆) ဦး စာရင်းပေးသွင်းထားရာ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူ (၃၂) ဦး၊ ပျက်ကွက်(၄) ဦးရှိပြီး ဖြေဆိုသည့်ရာခိုင်နှုန်း(၈၈.၈၉%) ရှိကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မက်မန်းမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
အေးဝင်းစိုး(ခရိုင်၊ပြန်/ဆက်)