ပင်းတယ မတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) Community Centre ခန်းမ၌ အခြေခံအင်္ဂလိပ်စာ သင်တန်းအား ယနေ့နံနက် ၉ နာရီအချိန်ကစတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ အတတ်ပညာများ ပိုမိုရရှိစေရန်ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ အင်္ဂလိပ်စာသင်တန်းတွင် ထိထိမိမိ သင်ယူလေ့လာပြီး လက်တွေ့အသုံးချကြရန်၊ အားလပ်သည့်အချိန် စာပေဗဟုသုတများကိုလည်း လေ့လာဖတ်ရှုကြရန်နှင့် သင်တန်းစည်းကမ်းချက်များကို ပြောကြားပေးသည်။ ထို့နောက် သင်တန်းနည်းပြ ဆရာမဒေါ်ဌေးဌေးမြင့်မှ မိတ်ဆက်စကားပြောကြားပြီး သင်တန်းတွင်ပို့ ချသင်ကြားပေးမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၂၀)ဦး တက်ရောက်သင်ကြားပြီး၊ သင်တန်းကာလမှာ ယနေ့မှ မတ်လ(၃၁) ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)