နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့)ကွန်ပျူတာသင်တန်း ဆက်လက်သင်ကြားပြသ

နောင်ချို မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အသက်မွေးဝမ်း ကျောင်း အတတ်ပညာတစ်ခုကို သင်ကြားတတ်မြောက်ထားမှုရှိစေရန် ရည်ရွယ်၍ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း ဆက်လက်သင်ကြားနေမှုကို ယမန်နေ့ညက သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော် သမ္ဓမ္မဇောတိကဓဇ ဒေါက်တာ ပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး  Grade-10နှင့် Grade-11 စာမေးပွဲဖြေဆိုထားသည့် သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦး တက်ရောက်ကြကာ သင်တန်း နည်းပြ(၇)ဦးတို့ဖြင့် ဘာသာရပ်များအလိုက် ၁ ရက်လျှင် နံနက်၊ နေ့လယ်၊ ညအချိန်(၃)ချိန်ခွဲ၍ သင်ကြားပို့ချပေးလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၂၉ရက်နေ့ အထိဖြစ်ကြောင်း သိရသည်။

သဖန်းကိုင်းပရဟိတအသင်းအနေဖြင့် ကွန်ပျူတာသင်တန်း တက်ရောက်လိုသည့် တက္ကသိုလ်ဝင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်တက်ရောက်ဆဲနှင့် တက်ပြီးသော ကျောင်သား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာများအတွက် ကွန်ပျုတာအခမဲ့သင်တန်းကို မတ်လ ၃၀ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)