မန္တလေး မတ် ၁၄
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ် မောင်မယ်များ နွေကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာစကားများကို ဆည်းပူးလေ့လာနိုင်စေရန် စာပေဗဟုသုတများ ရရှိစေရန် အစရှိသည့်ရည်ရွယ်ချက်ဖြင့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း (အခမဲ့)ကို ယနေ့နံနက် ၁၀နာရီမှစတင်၍ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြီး သင်တန်းနည်းပြ ဆရာဟာမိုနီက သင်တန်းစည်းကမ်းများကို ရှင်းလင်း ဆွေးနွေးသည်။
အဆိုပါ သင်တန်းကို (၅)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၁)ဦး တက်ရောက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)