အမှတ် ၁၄ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် လာရောက်စစ်ဆေး

ချမ်းအေးသာစံ     မတ်    ၁၄

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ ရူပဗေဒဘာသာရပ်အား မတ်လ ၁၄ရက်နေ့ နံနက် ၉နာရီတွင် ကျင်းပစစ်ဆေးလျက်ရှိရာ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာနသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းတို့ ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးနေစဥ် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဦး၊ စာစစ်ဌာန ကြီးကြပ်ရေးမှူး ဒေါ်နီနီ (အထက-၁၅၊ကျောင်းအုပ်ကြီး)နှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးချုပ်မှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆို နိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့​သည်။

အဆိုပါ စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၄၅၀ ဦး၊ ဖြေဆိုသူ ၄၂၄ ဦး၊ ပျက်ကွက်သူ ၂၆ ဦး၊ ဖြေဆိုရာခိုင်နှုန်း ၉၄. ၂၂ ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်