ဘီးလင်း မတ် ၁၄
ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်စစ်တုရင် ဝါသနာရှင်များနှင့် ပူးပေါင်း၍ နွေရာသီအခြေခံစစ်တုရင်သင်တန်း(အခမဲ့)ကို ယနေ့နံနက်၁၀ နာရီ က လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ဉာဏ်ရည်ထက်မြက်မှု၊ အတွေးအခေါ်ရင့်သန်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှုတို့ကို အကောင်းဆုံး လေ့ကျင့်ပေးသည့်အတွက် စစ်တုရင်ကစားနည်း သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး မြို့နယ် စစ်တုရင်ဝါသနာရှင် သင်တန်းနည်းပြ ဦးရဲကျော်က စစ်တုရင်ကစားနည်း၏ အခြေခံအချက် အလက်များနှင့် စစ်တုရင်ကစားနည်းမှာဉာဏအားကစားနည်းတစ်ရပ်အဖြစ် နိုင်ငံ အသီးသီးတွင် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိသည့်အတွက် အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်စစ်တုရင် အားကစားသမားများ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါစစ်တုရင်သင်တန်းတွင် သင်တန်းနည်းပြအဖြစ် စစ်တုရင် ဝါသနာရှင် ဦးရဲကျော်နှင့် ဦးကျော်သူ တို့က အခြေခံစစ်တုရင်ကစား နည်းကို မတ်လ ၁၄ ရက် မှ ၂၀ ရက်နေ့အထိ နေ့စဥ် ၂ နာရီကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား (၁၆)ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ထူးနောင် ဘီးလင်း (ပြန်/ဆက်)