ပေါင် မတ် ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူငယ်အသင်း(Youth Club)နှင့် အမျိုးသမီးအသင်း(Women Club)တို့ပူးပေါင်းကာ စာပေကိုချစ်မြတ်နိုးသူများတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် Women Club အသင်းဝင် ဒေါ်သူဇာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် Women Club အသင်းဝင်ဒေါ်ဇာဇာဖြိုးနှင့် Youth Club အသင်းဝင်ဒေါ်ယမုံဦးတို့က စာရေးဆရာပေါက်ပေါက်ရေးသားသည့် စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာစာအုပ်ကို ဖတ်ရှုကြပြီး အဖွဲ့ဝင်များတက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲကို Women Club အသင်းဝင်များ၊ Youth Club အသင်းဝင်များနှင့် စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်ဆက်)