ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁)(အခမဲ့)ဖွင့်လှစ်

ဗဟန်း မတ် ၁၄

နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ရန်၊ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကြွယ်ဝစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့၊ နံနက် ၁‌၀ နာရီက အခြေခံကွန်ပျူတာသင်တန်းအမှတ်စဥ်(၁)(အခမဲ့)ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှူးက အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်ရခြင်းနှင့် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဆောင်ရွက်လျက်ရှိသော သင်တန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကွန်ပျူတာသင်တန်းနည်းပြဆရာက Microsoft word၊ Excel ၊ Power Point တို့ကို အခြေခံမှစ၍ သင်ကြားပို့ချ‌ပေးသွားမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို မတ် ၁၄ ရက် မှ ၃၁ ရက် နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ရာ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး