ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၄၉၂၃ ဦးရှိ

နေပြည်တော်  မတ်  ၁၄

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုထ္ထနေ့တွင် ရူပဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၄၂၃ ဦး ရှိပြီး စာမေးပွဲ ပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၉၂၃ ဦး ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် စာစစ်ဌာန ၄ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၈၅ ဦး ရှိကာ ဖြေဆိုသူ ၉၉၇ ဦး ရှိပြီး ပျက်ကွက် ၈၈ ဦး၊ လယ်ဝေး မြို့နယ် စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၂၄ ဦး ရှိကာ ဖြေဆိုသူ ၉၃၇ ဦး ရှိပြီး ပျက်ကွက် ၈၇ ဦး၊ တပ်ကုန်းမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၃၆ ဦး ရှိကာ ဖြေဆိုသူ ၅၈၂ ဦး ရှိပြီး ပျက်ကွက် ၅၄ ဦး၊ ဥတ္တရသီရိမြို့နယ်  စာစစ်ဌာန ၆ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၇၅ ဦး ရှိကာ ဖြေဆိုသူ ၂၅၆ ဦး ရှိပြီး ပျက်ကွက် ၁၉ ဦး၊ ဒက္ခိဏသီရိမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၇၀ ဦး ရှိကာ ဖြေဆိုသူ ၁၆၂ ဦး ရှိပြီး ပျက်ကွက် ၈ ဦး၊ ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာန ၅ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၇၁ ဦး ရှိကာ ဖြေဆိုသူ ၆၁၅ ဦး ရှိပြီး ပျက်ကွက် ၅၆ ဦး၊ ဇမ္ဗူသီရိမြို့နယ် စာစစ်ဌာန ၆ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၈၄၃ ဦး ရှိကာ ဖြေဆိုသူ ၇၂၆ ဦး ရှိပြီး ပျက်ကွက် ၁၁၇ ဦး ၊ ဇေယျာသီရိမြို့နယ် စာစစ်ဌာန ၄ ခု ၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၇၁၉ ဦး ရှိကာ ဖြေဆိုသူ ၆၄၈ ဦး ရှိပြီး ပျက်ကွက် ၇၁ ဦး ၊ စုစုပေါင်း စာစစ်ဌာန ၃၉ ခု တို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၂၃ ဦးတို့  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)