မိုင်းဆတ် မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (မိုင်းဆတ်)စာစစ်ဌာန၌ ကျင်းပလျက်ရှိရာ ရူပဗေဒသာရပ်ကို ယနေ့နံနက်(၉)နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြေဆိုရာတွင် တာဝန်ကျ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ပါ/မပါ စစ်ဆေးပြီးမှသာ ကျောင်းသား၊ ကျောင်းသူများကို စာဖြေခန်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။
မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား (၄၉)ဦး၊ ကျောင်းသူ (၉၂)ဦး စုစုပေါင်း (၁၄၁)ဦးရှိရာ ယနေ့ဖြေဆိုသည့် ရူပဗေဒသာရပ်၌ ဖြေဆိုသူ ကျောင်းသား(၃၈)ဦး၊ ကျောင်းသူ (၈၃)ဦး၊ စုစုပေါင်း(၁၂၁)ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား(၁၁)ဦး၊ ကျောင်းသူ(၉)ဦး စုစုပေါင်း (၂၀)ဦးရှိကြောင်း အ.ထ.က (မိုင်းဆတ်)စာစစ်ဌာနမှသိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့်ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် နေ့စဉ်တာဝန်ကျ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)