မြို့သစ် မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီဝင်များသည် ယမန် နေ့ မွန်းလွဲပိုင်းက မြေပြင်သာကျေးရွာအုပ်စု၊ အောင်မြင်သာကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများသို့ သွားရောက်၍ လေပြင်းဘေးကြိုတင်ကာကွယ်ရေးပြင်ဆင်ဆောင်ရွက်မည့် နေအိမ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် လူနေအိမ်တစ်လုံးလျှင် (၄၅၀၀၀/-)နှုန်းဖြင့် မြေပြင်သာအုပ်စု အောင်မြင်သာကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများရှိ ဆင်းရဲနွမ်းပါးချို့တဲ့သည့် လူနေအိမ်(၁၀၀)လုံးအတွက် (၄၅၀၀၀၀၀/-) ကျပ်လေးဆယ့်ငါးသိန်းတိတိအား ထောက်ပံ့ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် နေအိမ်များအား လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)