အထက်မင်းလှ မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)က ဦးဆောင်ကာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မင်းလှမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဆွေဝင်း က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ ရဲမှူးခင်နွေဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညွန့်လေး၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ ဦးစီးအရာရှိ ဒေါ်ယုယုလတ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝေလင်းတို့က ဦးဆောင်ကာ ဌာနဆိုင်ရာဝန်ထမ်းများ အဂတိလိုက်စားမှု ပြုလုပ်ပါက ကျခံရနိုင်သည့် ပြစ်မှုပြစ်ဒဏ်များနှင့်ပတ်သက်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)