မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်

မြိတ် မတ် ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များအတွက် အခြေခံကွန်ပျူတာသင်တန်းကို ယနေ့ နေ့လယ်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို လူငယ်များ နွေရာသီအားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ကွန်ပျူတာအခြေခံကို နားလည်တတ်မြောက်စေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါခိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ Myanmar Book Aids and Preservation Foundation Tech Age Girls project Trainer ဒေါ်ကြူကြူ က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ခဲ့သည်။

ကွန်ပျူတာ အခြေခံသင်တန်း သင်ခန်းစာများအဖြစ် Microsoft Word , Microsoft Excel , Microsoft Power point များကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား လူငယ်(၂၃)ဦး တက်ရောက်ခဲ့ကြ၍ သင်တန်းကာလ (၅)ရက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )