ဗန်းမော် မတ် ၁၂
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ညောင်ပင်ရပ်ကွက်ရှိ ရောဘတ်စစ်ရှောင်စခန်း ခန်းမဆောင်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီ းဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ဗန်းမော်မြို့)၏ ကြီးကြပ်မှုဖြင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၂ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်အောင်သန်းက သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသူများအား ဒေသထွက်ကုန်များကို ဒေသခံ ပြည်သူ များအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်စွားစားသုံးနိုင်ရန်၊ ဈေးကွက်ဝင်သည့် ကုန်ပစ္စည်းများထုတ်လုပ်နိုင်ပြီး မိသားစုဝင်ငွေတိုးတက်ရရှိစေရန်အတွက် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြဆရာ၊ဆရာမများက ပို့ချသင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်ယူခဲ့ရသည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်သည့်နည်းပညာများကို သေချာစွာလေ့လာ မှတ်သား ထားရှိရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက ယခုပို့ချခဲ့သည့် သင်တန်းနှင့်ပတ်သက်၍ အခက်အခဲများ၊ လိုအပ်သည်များရှိပါက ဌာနကို အချိန်မ ရွေးဆက်သွယ် မေးမြန်းနိုင်ပါကြောင်းနှင့် ဌာနကပို့ချပေးနိုင်သည့် နောက်ထပ် သင်ယူလို သည့် သင်တန်းများရှိပါက ဆက်သွယ်တင်ပြ တောင်းခံနိုင်ပါကြောင်း သင်တန်းနှင့်ပတ်သက်သည့် အမှာ စကားပြောကြားခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြော ကြားခဲ့သည်။
ထို့နောက် အဆိုပါသင်တန်းကို ပြီးမြောက်သည်အထိတက်ရောက်ခဲ့ကြသည့် သင်တန်းသူများအား ဗန်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို လင်းက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရရယူခဲ့ပြီးခရိုင်စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက သင်တန်းမှရရှိသည့် တန်းဖိုးမြှင့်စားသောက်ကုန်များကို သင်တန်းသူများအား ပေးအပ်ခဲ့ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရရယူခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို နေရပ်စွန့်ခွာ စစ်ဘေးရှောင်မိသားစုများ တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များ ဆောင်ရွက်နိုင်စေရန်နှင့် မိသားစုအတွက် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြှင့်စားားသောက်ကုန်များ ထုတ်လုပ်စားသုံးနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်