သာပေါင်း မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးယူပြီးငွေ ကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန်ရှိ တောင်သူများမှ တစ်အုပ်စုလျှင်တောင်သူ(၅)ဦးစီခေါ်ယူ တွေ့ဆုံကြရာ ကျေးရွာအုပ်စု(၁၇)၊ငွေကြေးပြေလည်ပြီးကြွေးဆပ်ရန်ကျန် တောင်သူ(၆၈)ဦးတို့ တတ်ရောက်ကြပြီး၂၀၂၀ ခုနှစ် မိုး၊ဆောင်း၊ကိုဗစ် စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမအရစ်၊မတ်လတွင် ဒုတိယအရစ် ပေးဆပ်မည်ဖြစ်ကြောင်း အပြေ အကြေပေးဆပ်ရန် တောင်သူများက သဘောတူလက်ခံသဖြင့် ကျေးရွာအုပ်စု(၁၇)အုပ်စု၊ တောင်သူ(၆၈)ဦးမှ တောင်သူများဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ကြပြီး စိုက်ပျိုးစရိတ်ချေးငွေ ပေးဆပ်ရန်ကျန်ရှိ တောင်သူများထဲမှ(၁၉)ဦးတို့က စိုက်ပျိုးစရိတ်ချေးငွေ(၂၄၈)သိန်းအား အပြေ အကြေပေးဆပ်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း၊ပြန်/ဆက်)