ပြည်မြို့မီးဘေးသင့်နေအိမ်နှစ်လုံးအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

ပြည် မတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခေတ္တရာမြို့သစ် အနောက်မြို့ပတ်(၁၀)လမ်း၌ ယခုလ ၈ ရက်နေ့က ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် မီဘေးသင့်နေအိမ်နှစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ဖိုးနှင့်ကယ်ဆယ်ရေးပစ္စည်းများအား ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် ဘေးသင့်နေအိမ် ၂ လုံးအတွက်အိမ်ဆောက်ပစ္စည်းဘိုး‌ ထောက်ပံ့ငွေကျပ်သုံးသိန်း၊ ဘေးသင့်အိမ်ထောင်စုဝင် ၁၀ ဦးအတွက် တစ်ဦးလျှင်ငွေကျပ် ၂၁၀၀/-နှုန်းစီဖြင့် ဆန်ဖိုး ငွေကျပ်၂၁,၀၀၀/-အပါအဝင် ငွေကျပ် ၄၉,၀၃၆ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးဒေါ်တင်တင်ချိုက အဆိုပါအိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)