ရွှေကျင်မြို့(Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်

ရွှေကျင်  မတ်  ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (BookClub) တို့ပူးပေါင်း၍စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ ရေးသားသည့် "ကြီးပွားချမ်းသာ နည်းအဖြာဖြာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက္များကိုပြောကြားပြီး စာအုပ်တွင်ပါရှိ သော "အခန်း(၁)နှင့်အခန်း(၂)"ကိုလည်းကောင်း၊(Women Club)အဖွဲ့ဝင် ဒေါ်ဆွေဆွေအောင်က "အခန်း(၃)နှင့်အခန်း(၄)"ကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်‌ခင်‌ဌေးက "အခန်း(၅)နှင့် အခန်း(၆) "ကိုလည်း‌ကောင်း၊ ဒေါ်‌ထွေးကြည်က "အခန်း(၇)နှင့်အခန်း(၈)"ကိုလည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏ အနှစ် သာရများနှင့် လေ့လာ မှတ်သားစရာများဖြစ်သည့် ကြီးပွားချမ်းသာမှုနည်းလမ်းများ၊ လူမှုဘဝအတွေ့အကြုံများ၊ အပြောအဆိုအနေအထိုင်များနှင့်သုတ/ရသ ရရှိပုံများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိ‌ေစသည့်အပြင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ် ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)