တောင်ပြိုလက်ဝဲ မတ် ၁၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးသုံးကြိမ် ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်ပါဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာဆေးရုံဝင်းအတွင်း၌ ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင်ပမာဏ တိုင်းတာပေးခြင်း၊ ကျန်းမာ ရေးစစ်ဆေးခြင်းများကိုဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီထိုးနှံပေးခဲ့ကြောင်းသိရသည်။
သိန်းနိုင်(ပြန်/ဆက်)