သနပ်ပင် မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များအားကစားကို ပိုမိုစိတ်စားလာပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများပေါ်ထွန်းလာရေး၊ အားကစားစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး စသည်များကိုရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းအား သတ်မှတ်ထားသော အားကစားကွင်းများ၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဘောလုံး၊ ၊ ဖူဆယ် ၊ ဘက်စကတ်ဘော၊ ပြေးခုန်ပစ်၊ ဘောလီဘောစသည့် အားကစားနည်းများကို သက်ဆိုင်ရာအားကစားနည်ပြဆရာများဖြင့် အခြေခံအားကစားနည်း အဆင့်များအား မတ်လ ၁၇ ရက်နေ့ထိ လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)