မအူပင် မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မား ရေးသင်တန်း(၁/၂၀၂၃)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က စတင်ကျင်းပသည်။
အဆိုပါလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအား မြို့ပေါ် (၁၂)ရပ် ကွက်ရှိ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ (၇၆)အုပ်စုရှိ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာစရန်ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။
၎င်းသင်တန်းကာလမှာ (၁၁.၃.၂၀၂၃ မှ ၁၂.၃ ၂၀၂၃)ထိ (၂)ရက်တာ ကာလဖြစ်ပြီး သင်တန်း နည်းပြများအဖြစ် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)