ဓနုဖြူမြို့နယ် Community Centre ခန်းမ၌ Fitness Dance သင်တန်းဖွင့်လှစ်

ဓနုဖြူ    မတ်     ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ Fitness Dance သင်တန်းကို ယနေ့ မတ်လ ၁၁ရက်နေ့ နံနက် ၉နာရီ အချိန်မှစတင်၍ ဖွင့်လှစ်ခဲ့သည်။

အဆိုပါနွေရာသီအခြေခံသင်တန်း၊ Fitness Dance သင်တန်းဖွင့်လှစ်ရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများကိုယ်လက်ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ အားကစားနည်းလေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှားအားကစားနည်းများကို နည်းပြ ဆရာ/ဆရာမ ၃ ဦးမှ အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ပြီး၊ သတ်မှတ်ပွဲစဉ် ()မှ ()အထိကို မတ်လ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ ၇ရက်ကြာသင်  ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ ကျောင်းသား/ကျောင်းသူ (၁၇)ဦးတက်ရောက် သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)