စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆို

မုံရွာ မတ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ () ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ အမြို့မြို့အနယ်နယ်ရှိ စာစစ်ဌာနများတွင်  ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရှိရပါသည်။

တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း  ၁၂၃၀ဦး ၊ ရွှေဘိုမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၄၇၁ဦး၊ ကန့်ဘလူမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၈၂၆ဦး၊ ကျွန်းလှမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၂၀၉ဦး၊ မုံရွာမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း ၆၀၁ ဦး၊ ကသာမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၆၄၄ဦး၊ အင်းတော်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၂၈၃ဦး၊ ထီးချိုင့်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း၁၉၉ဦး၊ ဝန်းသိုမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း၁၅၀ဦး ၊ ကလေးမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၉၁၀ ဦး၊ ကလေးဝမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း ၃၃၃ဦး၊ မင်းကင်းမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း၃၀၃ဦး တမူးမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း၂၀၄ဦး  မော်လိုက်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၉၆ဦး၊ ဖောင်းပြင်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း၄၇၆ဦး ၊ ခန္တီးမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း၂၉၃ဦး၊ ဟုမ္မလင်းမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၅၀၇ဦး၊လေရှီးမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၂၂၃ ဦး၊ လဟယ်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း၂၃၈ဦး၊ နန်းယွန်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း ၂၂၃ဦး ရှိကြောင်း သင်္ချာဘာသာရပ်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ၉၉၃၀ ဦးရှိပြီး ဖြေဆိုသည့်ရာခိုင်နှုန်း ၈၆ ဒသမ ၆၀ ရာခိုင်နှုန်း ရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စာဖြေဌာန ( ၅၂ )ခု၌  ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များနှင့် မြို့နယ်/ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ  ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ (စနေနေ့နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့တို့ကို ပိတ်ရက်အဖြစ်သတ်မှတ်ထားရှိပြီး မတ်လ ၁၃ ရက်နေ့ (တနင်္လာနေ့) တွင် ဓာတုဗေဒဘာသာရပ်ကိုဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)